Aung Thuya Apps

M3 Keyboard (Myanmar) 1.0.0
Aung Thuya
မြန်မာစာ ယူနီကုတ် ကီးဘုတ်ပါ။ယခင် android version 4.4 အထက်ပဲ သုံးလို့ရအောင် ကန့်သက်ထားပေမယ့်Myanmar Unicode Area မှ android version 4.4 အောက်မှာပါယူနီကုဒ်သုံးနိုင်အောင် လုပ်ဆောင်နေသဖြင့် 4.0 အထက်ပါသုံးနိုင်အောင်ပြင်ဆင်ပေးထားပါတယ်။(သို့သော် android version 4.4 အောက် ဖုန်းများတွင် သွင်းထားသောယူနီကုဒ်သည် ၁၀၀ ရာနှုန်း ပြီးပြည့်စုံမှုမရှိသဖြင့် M3 Keyboard ၏အထူးလုပ်ဆောင်ချက်များကို ကောင်းစွာ အသုံးချနိုင်မည် မဟုတ်ပါ။)M3 Keyboard Settings ထဲမှာ အသုံးပြုနည်းနဲ့ အထူးလုပ်ဆောင်ချက်တွေလည်းထည့်ပေးထားပါတယ်။ယခင်သုံးနေကျ ဇော်ဂျီဖောင့် နဲ့ မြန်မာစာယူနီကုဒ်ဖောင့်ကိုအလွယ်တကူ ပြောင်းလဲပေးနိုင်တဲ့ Unicode Converter application ကိုတစ်ခါတည်း ထည့်သွင်းပေးထားပါတယ်။မိမိပြောင်းလိုသော ဇော်ဂျီဖောင့် သို့မဟုတ် မြန်မာစာယူနီကုတ်ဖောင့်ကိုselect မှတ်ပြီး copy လုပ်လိုက်တာနဲ့ converter က အလိုလိုပွင့်လာပါလိမ့်မယ်။ဒီ converter service ကို ပိတ်လို/ဖွင့်လိုလျှင် M3 Keyboard Settingsထဲရှိ Advanced Functions အောက်မှာ ၀င်ရောက် လုပ်ဆောင်နိုင်ပါတယ်။နောက်ထပ် လုပ်ဆောင်ချက် တစ်ခုကတော့ M3 Keyboard ကို သုံးခြင်းဖြင့်မြန်မာစာရိုက်ရာတွင် လက်ရေးမူ(မြန်မာစာ သက်ပုံ) အတိုင်းရိုက်နိုင်မှာပဲဖြစ်ပါတယ်။ဥပမာ - သင်္ဘော = သ + င + ် + ္ + ​ေ + ဘ + ာနှစ်ချက်ထိစနစ်ကိုလည်း ထည့်ပေးထားပါတယ်။shift နှိပ်ပြီးရိုက်ရမည့် စာလုံးများအား shift နှိပ်စရာမလိုပဲ၎င်းနေရာရှိ စလုံးကို နှစ်ချက်ထိရုံဖြင့် ပေါ်လာမည်ဖြစ်သည်။ဥပမာ - ဗ ပေါ်ရန် shift + ​ေ ရိုက်ရန်မလိုတော့ပဲ ​ေ ကို ၂ချက်ထိရုံဖြင့် ဗ ပေါ်လာပါလိမ့်မည်။စာရိုက်ရာမှာ မကြာခဏ မှားတတ်လေ့ရှိတဲ့ စာကားလုံးများအားအလိုအလျောက်ပြင်ဆင်ပေးပါတယ်။ဥပမာ - စ + ျ နှင့် ဈ မှားခြင်းယူနီကုဒ်ကို အသုံးပြုထားခြင်းကြောင့် တိုင်းရင်းသားစာပေများကိုလည်း အသုံးပြုနိုင်ပါတယ်။လက်ရှိတွင် ရှမ်း၊ မွန်၊ ပအိုဝ်ႏ၊ သက္ကတ/ပါဠိ၊ ကယား၊ ကရင် တို့ကိုအသုံးပြုနိုင်ပြီး နောက်ထွက်မည့် ဗားရှင်းများတွင်လည်းထပ်တိုးပေးသွားမည် ဖြစ်သည်။ကီးဘုတ် ဒီဇိုင်းများ ပြောင်းလဲ အသုံးပြုနိုင်ပါသည်။flat theme သုံးသူများအနေဖြင့် ကီးဘုတ်၏ နောက်ခံအ​ရောင်ကိုမိမိကြိုက်နှစ်သက်ရာအရောင်နှင့် ပြောင်းလဲအသုံးပြုနိုင်ပါသည်။ပိုမိုရှင်းလင်းသော Setting အထားအသိုများဖြင့် key tone, vibrate,converter, typing method, keyboard height, key preview, font embed,keyboard language များကို အလွယ်တကူ ထိန်းချုပ်နိင်ပါသည်။landscape mode တွင်လည်း အဆင်ပြေစွာ အသုံးပြုနိုင်ပါသည်။အသုံးပြုရလွယ်ကူအောင် အခြားသော ပြုပြင်မှုများလည်းလုပ်ဆောင်ထားပါတယ်။